


Source : Burmese Ghouls
Credit; (Cele Gabar)

ပရိသတ်ကြီးရေ စင်ကာပူနိုင်ငံမှာ လက်ခံကျင်းပနေခဲ့တဲ့ M2 World Championship ပြိုင်ပွဲကြီးကိုတော့ မြန်မာ့ကိုယ်စားပြုအသင်းအနေနဲ့ Burmese Ghouls အသင်းကတော့ သွားရောက်ယှဉ်ပြိုင်နေခဲ့ပါတယ်။ မနေ့က Indoအသင်းနဲ့ ပြိုင်တဲ့ ပွဲစဉ်မှာတော့ အပြတ်အသတ်အနိုင်ယူသွားခဲ့ပြီး Final ကိုတက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက ပရိသတ်တွေအတွက် အတော်လေး ဂုဏ်ယူစရာဖြစ်ခဲ့တာပါ ။

ဒီနေ့မှာတော့ Final Round အတွက်း ဖိလစ်ပိုင်အသင်းဖြစ်တဲ့ BREN ESPORTS အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ပထမ နှစ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ပရိသတ်တွေအတော်လေး စိုးရိမ်ခဲ့ရပေမယ့်လည်း နောက်ပွဲတွေမှာတော့ BG ရဲ့ အမိုက်စား စကေးတွေကို ထုတ်ပြသွားခဲ့ပြီး ဆက်တိုက် အနိုင်ယူနိုင်ခဲ့တဲ့အတွက် နောက်ထပ်ပွဲမှာသာ BG အဖွဲ့က နိုင်သွားခဲ့ရင်တော့ ကမ္ဘာ့ ချန်ပီယံဆုဟာ Burmese Ghouls အတွက်ပဲ ဆိုပြီး ပရိသတ်တွေက အရမ်းကို မျှော်လင့်ခဲ့ရတာပါ ။

M2 ဖလားကို ရရှိဖို့အတွက် ကတော့ BG အတွက် အရမ်းကို အလားအလာ ကောင်းနေခဲ့ပေမယ့် နောက်ဆုံးပွဲမှာတော့ စိတ်မကောင်းစွာနဲ့ပဲ ဖိလစ်ပိုင် အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ် ။ M2 ရဲ့ ချန်ပီယံဖလားဟာ BG အတွက်ပဲ လို့ ယုံကြည်အားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရပေမယ့်လည်း BG အသင်းအနေနဲ့ ဒီအဆင့်ထိ ရောက်ရှိခဲ့တာကိုပဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း အားပေးနှစ်သိမ့်ပေးခဲ့ကြပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး သာယာသောနေ့လေးတစ်နေ့ကိုပိုင်ဆိုငိနိုင်ကြပါစေ။

Source : Burmese Ghouls
Credit; (Cele Gabar)