



ဒီကနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ ကတော့ လူငယ် ပရိသတ်တွေ ကြိုက်ကြတဲ့ အဆိုတော် G Fatt ရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ G Fatt ကတော့ မွေးနေ့ မှာ ချစ်ရတဲ့ ပရိသတ်တွေ နဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေ ဆီက အမှတ်တရ မွေးနေ့ ဆုမွန်ကောင်း စကားတွေကို ရရှိခဲ့သလို မွေးနေ့ လက်ဆောင်တွေ များစွာကိုလည်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် G Fatt က ဒီကနေ့ သူ့ရဲ့ မွေးနေ့ မှာ နာမည်ကြီး ကားအမှတ်တံဆိပ် တစ်ခုရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရတယ်လို့ ဂုဏ်ယူစွာနဲ့ သိရှိရပါတယ်။

G Fatt က သူ့ရဲ့ မွေးနေ့မှာ နာမည်ကြီး ကားအမှတ်တံဆိပ်ဖြစ်တဲ့ MG ရဲ့ Brand Ambassador အဖြစ် (၂) နှစ်တာ တာဝန်ထမ်းဆောင် ရမှာဖြစ်ပြီး ထူးထူးခြားခြား အနေနဲ့လည်း MG ကားသစ်ကြီး တစ်စီးကို မွေးနေ့ လက်ဆောင်အဖြစ် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ G Fatt ကတော့ မွေးနေ့ မှာ ထူးထူးခြားခြား ကားတစ်စီး လက်ဆောင်ရရှိခဲ့ပြီး အမှတ်တရတွေ များစွာ ဖြစ်ခဲ့တာ အားကျဝမ်းသာစရာပါပဲ။

G Fatt ကတော့ ယခု ကားအမှတ် တံဆိပ်အပြင် အခြားသော နာမည်ကြီး ကုန်ပစ္စည်းတွေ ရဲ့ Brand Ambassador လည်း တာဝန်ယူ ဆောင်ရွက်ထားရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် G Fatt ရဲ့ ဂုဏ်ယူစရာသတင်းကောင်းလေးအတွက် ထပ်တူ ဝမ်းသာနေကြမယ် ထင်ပါတယ် နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Minn Maung’s fb
Credit – Cele Connections