


Source: May ‘s fb

လူလေးလည်းလှ ၊ အသံလေးလည်းကောင်း တဲ့ မေကတော့ အနုပညာလောက မှာ ထင်ရှားကျော်ကြား သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေ ကတော့ သရုပ်ဆောင်တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက် အဖြစ်ပါ ရပ်တည် နေပြီး ပရိသတ်တွေအတွက် အမျိုးမျိုး သော အနုပညာ လှုပ်ရှားမှုတွေ ကို ချပြနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း မေ့အပြင် မေ့ရဲ့ ညီမ အရင်းလေးဖြစ်တဲ့ သူဇာဝင့်လွင် ကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး လက်ရှိ Miss Universe Myanmar 2020 ပြိုင်ပွဲကြီးမှာ ပါဝင် ယှဉ်ပြိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီက နေ့မှာတော့ Miss Universe Myanmar 2020 ရဲ့ Grand Final ပွဲကြီးကို ကျင်းပခဲ့တာ ဖြစ်ပြီး မေ့ရဲ့ ညီမအရင်းလေး ဖြစ်တဲ့ သူဇာဝင့်လွင်က Title ဆုတွေများစွာ နဲ့ အတူတူ Miss Universe Myanmar 2020 သရဖူကြီး ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မေ ကလည်း သူမရဲ့ ညီမလေး သူဇာဝင့်လွင်အတွက် “မေ့ ညီမလေး Miss Universe Myanmar 2020 ရသွားပါတယ် Congratulations ငါ့ ညီမလေးရေ Thuzar Wint Lwin 😻😻❣️❣️❣️🥰🥰” ဆိုပြီး ဝမ်းသာဂုဏ်ယူ စကားပြော လာတာပဲ ဖြစ်ပါတယ်။

မေ ကတော့ အချစ်ရဆုံး ညီမလေးတစ်ယောက် အခုလို ခမ်းနား ကြီးကျယ်ပြီး မြန်မာပြည် ကိုယ်စားပြု (၈)ယောက်မြောက် မယ်စင်္ကြာဝဋာ တစ်ယောက် ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မေ့ ရဲ့ ညီမလေး သူဇာဝင့်လွင် အတွက် ဝမ်းသာဂုဏ်ယူ စကားပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May ‘s fb
Credit – Cele Connections