Source : Nan Su Yati Soe
Credit (Yaung Chi)
ပရိသတ်အချစ်တော် ရှမ်း တရုတ် ကပြားမလေး နန်းဆုကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ဆောင်နေပြီး သီချင်းအသစ်ထွက်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်းသိရပါတယ် ။ မကြာသေးမီကမှ ခရစ္စမတ်သီချင်းလေးထွက်ရှိခဲဲ့ပြီး ပရိသတ်တွေအားပေးခဲ့ကြသလို လက်ရှိမှာလည်း music video လေးတစ်ခု ရိုက်ကူးပါတယ် ။
နန်းဆုက သူမရဲ့ Music Video လေးကို အမိုက်စား ပုံဖော်ဖို့အတွက် ဆုပန်ထွာတို့ ဇနီးမောင်နှံ ကိုအကူညီတောင်းခဲ့ရတယ်လို့ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ မမပန်ရေ နန်းဆုက ဆိုင်ကယ်နဲ့ ရိုက်ချင်တာလို့ပြောလိုက်တာနဲ့ ဟိုးအဝေးကြီးကနေ shooting ထိ မောင်းလာပေးပြီး တကူးတကဝင်ကူပေးလို့ ကို ဥက္ကာရော မမပန်ရော ကျေးဇူးပါ ဆိုတဲ့စာသားလေးနဲ့အတူ သူမအတွက် ဆိုင်ကယ် အမိုက်စားကြီးနဲ့ကူညီပေးခဲ့ကြတဲ့ ဆုပန်ထွာနဲ့ ကိုဥက္ကာတို့ နှစ်ယောက်ကို ကျေးဇူးတင်စကား ရေးသားထားပါသေးတယ် ။
ပရိသတ်တွေကတော့ အမိုက်စား ရိုက်ကူးထားတဲ့ ပုံလေးတွေကိုကြည့်ပြီး နောက်ထွက်မယ့် Music Video လေးကို အရမ်းကိုစိတ်ဝင်စားနေကြတာပါ ။ နန်းဆုကို ချစ်တဲ့ ပရိသတ်ကြီးအတွက်လည်း MV လေးမထွက်ခင် အမိုက်စား ပုံရိပ်လေးတွေကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Nan Su Yati Soe
Credit (Yaung Chi)