


Source : Mooler
Credit ; (Yaung Chi)

ပရိသတ်ကြီးရေ . Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ Mooler ကတော့ ပြိုင်ပွဲပြီးကတည်းက အနုပညာလောကထဲမှာ အောင်မြင်တဲ့အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီဖြစ်ပါတယ် ။ အမြဲတမ်းပျော်ပျော်နေတတ်ပြီး စနောက်နေတတ်တဲ့ မူးလာကတော့ သူ့ရဲ့ ပုံရိပ်လေးတွေကို ဟာသနှောပြီး ပရိသတ်တွေကို မျှဝေပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။

လတ်တလောမှာတော့ သူ့ရဲ့ ပုံရိပ်လေးတွေနဲ့အတူ အခြေအနေနဲ့ လိုက်ပြီး မူးလာလေးက ရုပ်တော့ အမြဲပြောင်းနေပေမယ့် ချောတယ်ဆိုတဲ့ ခေါင်းစဉ်ကတော့ လွတ်မထွက်သွားတာ ခက်ရော ဆိုတဲ့ စာသားလေးနဲ့အတူ အရွှန်းဖောက်ပြီးရေးသားဖော်ပြခဲ့ပါတယ် ။ ရုပ်ချောတာက အားနည်းချက်လိုမျိုးများလားပေါ့ လို့လည်း စနောက်ရေးသားထားပါသေးတယ် ။

ပရိသတ်တွေကတော့ အရင်ကထက်ပိုပြီး ခန့်ညားလာတဲ့ Mooler လေးကို ချီးကျူးမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ မူးလာလေးကတော့ ပရိသတ်တွေအချစ်ပို အောင် နေတတ်တဲ့သူဖြစ်ပြီး ပရိသတ်တွေကတော့ အရင်ကထက်ပိုပိုချစ်ခင်လာကြကြောင်းလည်း ရေးသားထားကြတာတွေ့ရပါတယ် ။ယခုလို ဖတ်ကြားပေးကြတဲ့ ပရိတ်သတ်တွေအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source : Mooler
Credit ; (Yaung Chi)