ေရႊထူးတစ္ေယာက္ ဇနီးျဖစ္သူေရႊမႈံရတီနဲ႔အတူ သီခ်င္းေကာင္းေလးေတြဖန္တီးထားသလို ခယ္မျဖစ္သူေငြမႈံရတီကိုလည္း ဂီတလမ္းေၾကာင္းေပၚကို သီခ်င္းေကာင္းေလးတစ္ပုဒ္နဲ႔ လက္တြဲေခၚခဲ့ျပန္ပါၿပီ။ ႏွစ္ေယာက္သားရဲ့ ” ေၿဖ ” ဆိုတဲ့သီခ်င္းေလးဟာ လြန္ခဲ့တဲ့ တစ္လေက်ာ္ေလာက္ကထြက္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ့အားေပးမႈေတြလည္း ရခဲ့ပါတယ္။

ဒီသီခ်င္းေလးကို New Year ညမွာ ႐ုပ္ျမင္သံၾကားကေနတဆင့္ ပရိသတ္ေတြကိုေဖ်ာ္ေျဖခဲ့ပါတယ္။ ညီမႏွစ္ေယာက္လုံးအသံက ေတာ့ တကယ့္ကိုနားဝင္ပီယျဖစ္လြန္းပါတယ္။ အမျဖစ္သူေရႊမႈံကလည္း ညီမေလးကို အႏုပညာလမ္းေၾကာင္းေပၚဆြဲတင္ေပးသလို ခဲအိုျဖစ္သူကလည္း ခယ္မေလးကို ဂီတလမ္းေၾကာင္းေပၚ လက္တြဲေခၚခဲ့ပါတယ္။

အကိုနဲ႔အမႏွစ္ေယာက္လုံးရဲ့ အႏုပညာအေမြနဲ႔ ဂီတအေမြကိုဆက္ခံနိုင္ခဲ့တဲ့ Kel Kel ကေတာ့ သူမရဲ့အလုပ္ေတြကိုအေကာင္းဆုံး ႀကိဳးစားေနခဲ့ပါတယ္။ ေဖ်ာ္ေျဖခဲ့တဲ့ပုံေတြကိုေတာ့ ” New year မွာဆိုခဲ့တဲ့ပုံေလးေတြ ” ဆိုၿပီး သူမက ေဝမၽွခဲ့ပါတယ္။ ေနာက္ထပ္အႏုပညာလႈပ္ရွားမႈေတြကိုလည္း အားလုံးက ေမၽွာ္လင့္ေနၾကပါတယ္။

Credit – Cele Zone
Photo – Ngwe Hmone Yati

ရွှေထူးတစ်ယောက် ဇနီးဖြစ်သူရွှေမှုံရတီနဲ့အတူ သီချင်းကောင်းလေးတွေဖန်တီးထားသလို ခယ်မဖြစ်သူငွေမှုံရတီကိုလည်း ဂီတလမ်းကြောင်းပေါ်ကို သီချင်းကောင်းလေးတစ်ပုဒ်နဲ့ လက်တွဲခေါ်ခဲ့ပြန်ပါပြီ။ နှစ်ယောက်သားရဲ့ ” ဖြေ ” ဆိုတဲ့သီချင်းလေးဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကထွက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေလည်း ရခဲ့ပါတယ်။

ဒီသီချင်းလေးကို New Year ညမှာ ရုပ်မြင်သံကြားကနေတဆင့် ပရိသတ်တွေကိုဖျော်ဖြေခဲ့ပါတယ်။ ညီမနှစ်ယောက်လုံးအသံက တော့ တကယ့်ကိုနားဝင်ပီယဖြစ်လွန်းပါတယ်။ အမဖြစ်သူရွှေမှုံကလည်း ညီမလေးကို အနုပညာလမ်းကြောင်းပေါ်ဆွဲတင်ပေးသလို ခဲအိုဖြစ်သူကလည်း ခယ်မလေးကို ဂီတလမ်းကြောင်းပေါ် လက်တွဲခေါ်ခဲ့ပါတယ်။

အကိုနဲ့အမနှစ်ယောက်လုံးရဲ့ အနုပညာအမွေနဲ့ ဂီတအမွေကိုဆက်ခံနိုင်ခဲ့တဲ့ Kel Kel ကတော့ သူမရဲ့အလုပ်တွေကိုအကောင်းဆုံး ကြိုးစားနေခဲ့ပါတယ်။ ဖျော်ဖြေခဲ့တဲ့ပုံတွေကိုတော့ ” New year မှာဆိုခဲ့တဲ့ပုံလေးတွေ ” ဆိုပြီး သူမက ဝေမျှခဲ့ပါတယ်။ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုလည်း အားလုံးက မျှော်လင့်နေကြပါတယ်။

Credit – Cele Zone
Photo – Ngwe Hmone Yati