နိုင္ငံေက်ာ္ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္ ကေတာ့ “ေခ်ာကလတ္ေ ရာင္ေရခဲအိပ္မက္မ်ား” ဆိုတဲ့ သီခ်င္းေခြနဲ့ အနုပညာေလာကထဲကုိ ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလိႈင္က ရုပ္ရွင္၊ ဂီတ နယ္ပယ္မွာ ေတာက္ပလာခဲ့ျပီး အခုဆိုရင္ ျပိဳင္စံရွား အနုပညာရွင္တစ္ေယာက္အျဖစ္ ထိပ္ဆံုးမွာ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ျပည္တြင္းမွာသာမက ျပည္ပနုိင္ငံေတြအထိပါ ထိုးေဖာက္ေအာင္ျမင္လာခဲ့တဲ့ စိုင္းစိုင္းခမ္းလိႈင္က ဒီတစ္ေခါက္မွာလည္း ကမၻာေက်ာ္ KPop အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ Park Bom နဲ့ သီခ်င္းထုတ္လုပ္ျပီး ပရိသတ္ေတြကို အံ့အား သင့္ေစခဲ့ျပီ ျဖစ္ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္နဲ့ Park Bom ရဲ့သီခ်င္းသစ္နာမည္ကေတာ့ Red Light လို့ အမည္ရျပီး ဘာသာစကား မတူညီတဲ့ အဆိုေတာ္နွစ္ေယာက္သီဆိုထားတာမို့ သီခ်င္းတစ္ပုဒ္လံုးက အဂၤလိပ္ဘာသာစကားနဲ့ျဖစ္မယ္လို့ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြထင္တဲ့ အတိုင္းပဲ Red Light သီခ်င္းမွာ စိုင္းစိုင္းခမ္းလိႈင္နဲ့ Park Bom တို့က အဂၤလိပ္ ဘာသာစကားနဲ့ သီဆိုခဲ့ၾကျပီး ဒီကေန့မွာေတာ့ စိုင္းစိုင္းခမ္းလိႈင္က Red Light သီခ်င္းရဲ့ Teaser ေလးကို ခ်ျပျပီး ပရိသတ္ေတြကို အျမည္းေကြ် းလာခဲ့ပါတယ္။

Red Light သီခ်င္းကေတာ့ စိုင္းစိုင္းခမ္းလိႈင္ေရာ Park Bom ပါ သီခ်င္းေရးသားျခင္းမရိွပဲ ကိုရီးယားလူမ်ိဳး အနုပညာရွင္ေတြကို ေရးသားသီစပ္ေပးထားတာပဲ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလိႈင္နဲ့ Park Bom ရဲ့ Red Light သီခ်င္းက လာမယ့္ ဒီဇင္ဘာလ (၂၁) ရက္ေန့မွာ ထြက္ရိွမွာမို့ ပရိသတ္ၾကီးက ရင္ခုန္စြာနဲ့ ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအား လုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစ လို႔ဆုေတာင္းေပး လိုက္ပါတယ္။

Source: Sai Sai Kham Leng ‘s fb
Credit– Cele Connections

နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် ကတော့ “ချောကလတ်ေ ရာင်ရေခဲအိပ်မက်များ” ဆိုတဲ့ သီချင်းခွေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ရုပ်ရှင်၊ ဂီတ နယ်ပယ်မှာ တောက်ပလာခဲ့ပြီး အခုဆိုရင် ပြိုင်စံရှား အနုပညာရှင်တစ်ယောက်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေအထိပါ ထိုးဖောက်အောင်မြင်လာခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း ကမ္ဘာကျော် KPop အဆိုတော် တစ်ယောက်ဖြစ်တဲ့ Park Bom နဲ့ သီချင်းထုတ်လုပ်ပြီး ပရိသတ်တွေကို အံ့အား သင့်စေခဲ့ပြီ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့သီချင်းသစ်နာမည်ကတော့ Red Light လို့ အမည်ရပြီး ဘာသာစကား မတူညီတဲ့ အဆိုတော်နှစ်ယောက်သီဆိုထားတာမို့ သီချင်းတစ်ပုဒ်လုံးက အင်္ဂလိပ်ဘာသာစကားနဲ့ဖြစ်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထင်တဲ့ အတိုင်းပဲ Red Light သီချင်းမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom တို့က အင်္ဂလိပ် ဘာသာစကားနဲ့ သီဆိုခဲ့ကြပြီး ဒီကနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က Red Light သီချင်းရဲ့ Teaser လေးကို ချပြပြီး ပရိသတ်တွေကို အမြည်းကျွေ းလာခဲ့ပါတယ်။

Red Light သီချင်းကတော့ စိုင်းစိုင်းခမ်းလှိုင်ရော Park Bom ပါ သီချင်းရေးသားခြင်းမရှိပဲ ကိုရီးယားလူမျိုး အနုပညာရှင်တွေကို ရေးသားသီစပ်ပေးထားတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ Red Light သီချင်းက လာမယ့် ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ ထွက်ရှိမှာမို့ ပရိသတ်ကြီးက ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေး လိုက်ပါတယ်။

Source: Sai Sai Kham Leng ‘s fb
Credit– Cele Connections