



ခုရက်ပိုင်းမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူများကတော့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်…ကျော်ထက်အောင်နဲ့ဖြူဖြူကျော်သိန်းကတော့ အရမ်းကိုရင်းနှီးတဲ့ အနုပညာမောင်နှမတွေ ဖြစ်ပြီးတော့ အနုပညာအလုပ်တွေကို တွဲလုပ်နေသူ ဖြစ်ပါတယ်…

ကျော်ထက်အောင်ကလည်း မမဖြူအိမ်ကိုသွားရောက်လည်ပတ်တဲ့ ပုံတွေကို တင်ထားခဲ့ပြီး မမဖြူကလည်း ကျော်ထက်အောင်ရဲ့ ခွေးလေးတွေကိုလွမ်းလို့ဆိုပြီး ကျော်ထက်အောင် အိမ်ကိုသွားရောက်လည်ပတ်ခဲ့ပုံတွေကြောင့် ပရိသတ်ကြားမှာ ချစ်သူတွေဖြစ်နေကြပြီလား ဆိုပြီး စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်…

အခုလည်း ဖေ့ဘုတ်မှာ ပရိုဖိုင်ဆင်တူလေးချိန်းကာ ကျော်ထက်အောင်က “Will you be my Valentine?” ဆိုတဲ့စာလေးရေးခဲ့သလို ဖြူဖြူကလည်း ” Yes, I will be your Valentine.” ဆိုပြီး ပြန်လည်ရေးသားခဲ့တဲ့စာလေးကြောင့်ပရိသတ်တွေကလည်း ကောမန့်တွေမှာ မေးထားကြပါတယ်..ကျော်ထက်အောင်နဲ့ဖြူဖြူတို့ရဲ့ အချစ်ရေးက ဘယ်လိုများဆက်ဖြစ် လာမအုံးဆိုတာကို ပရိသတ်ကြီးလည်း ခန့်မှန်းပေးကြပါအုံးနော်..

Source: Kyaw Htet Aung-Idol
Credit ; Celebrity Secret