


Credit…..

ပရိသတ်ကြီးရေ.. ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်နေတဲ့ မင်းသားချောဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။မင်းသားချောဘုန်းဆက်သွင် ကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း လှုပ်ရှားမှုတွေမှာ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

ဘုန်းဆက်သွင်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာတောင် Profile လေးချိန်းပြီး အသံမထွက်ဘဲ တာဝန်ကျေရုံလုပ်နေကြတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောပြလာပါတယ်..။ဇာတ်လမ်းတွဲတွေရိုက်ကာ အောင်မြင်နေတဲ့ အနုပညာရှင်ဖြစ်နေပေမယ့်လည်း Social Punishment ကြောက်လို့ ၅၀၅ က နဲ့ ဖမ်းဝရမ်းထဲ ပါလာပေမယ့် တာဝန်ကျေရုံလုပ်နေသူတွေနဲ့ ပတ်သက်ပြီး ဘုန်းဆက်သွင်က ပွင့်ပွင့်လင်းလင်း ရေးသားပြောပြလာတာ ဖြစ်ပါတယ်..။

“မအလ အသိုင်းအဝိုင်းထဲ က ဇာတ်လမ်းတွဲ မင်းသား တစ်ယောက် ၅၀၅ က နဲ့ ပါလာတယ် Social Punishment ကြောက်လို့ ပါလာတယ်ဆိုတာ သိတယ် အရေးတော်ပုံ အောင် ရင် ဒဲ့ ပြောပါမယ် Page ကြီးထောင်ထားပြီး အောင်မြင်နေရက်နဲ့ Feb 2 ရက်နေ့က Profile လေးချိန်းပြီး အသံ မထွက်ပေးတာ ရွံတယ်နော် အရှေ့မှာ တာဝန်ကျေရုံ လုပ်ပေးခဲ့တာတွေ အတွက်စောက်ကျေးဇူးတင်မနေဘူးနော် မင်းပါးစပ်ကနေ ကြွေးကြော်သံတောင် မကြားဖူးဘူး မင်းအဖေ ဘာကြီးဘဲ ဖြစ်နေပါစေ ကြောက်မနေဘူး မင်းအဖေ လုပ်ခဲ့တဲ့ ဒဏ်တွေ မင်းတို့ မိသားစု ပြန်ခံစေရမယ် အသက်ပေးခဲ့ ရတဲ့ ငါတို့ပြည်သူတွေ အတွက် သွေးမအေးသွားဘူးတွေးမိတိုင်း မင်းတို့ကို ပိုမုန်းတယ် ပိုရွံတယ်မင်းတို့ပြီးရင် ငါတို့အလှည့်လာတော့မှာပါ ပြေးထား လိုက်တော့ ခွေးမသားလေး ၅၀၅ က ပါသွားလို့ လွတ်ပြီ ထင်မနေနဲ့ P.S ကျွန်တော်က Block ထားလို့ မမြင်ရမှာစိုးလို့ သိတဲ့ သူများရှိရင်သွားပြပေးကြပါ ခင်ဗျာ..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

Credit…..