



ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာ သူဖြစ်ပါတယ်။ချိုသာတဲ့ အပြုံးလေးတွေအပြင် ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး အဆိုပညာမှာလည်း အရွယ်နဲ့မလိုက်ေ အာင်တော်လွန်းသူလေးလို့ ဆိုရမှာပါ။ “ ကိုယ်စောင့် နတ်” သီချင်းကို Cover Song အဖြစ် ပြန်လည် သီဆိုခဲ့တဲ့အချိန်မှာလည်း အမျိုးသားထုကြီး တခဲနက် အားပေးခဲ့တာပဲ ဖြစ်ပါတယ်။

မကြာသေးမီကလည်း လက်ရှိမှာဖြစ်ပွားနေတဲ့Covid -19 နဲ့ပတ်သက်ပြီး ကိုယ်တိုင်အနုပညာကြေးတွေအပြင် Live saleကရရှိတဲ့အနုပညာကြေးတွေအားလုံးကိုCovid 19အတွက်လိုအပ်တဲ့နေရာတွေကို လှူဒါန်းခဲ့တာပါ။ အသက်အရွယ်နဲ့မလိုက်ေ အာင်လိမ္မာရေးခြားရှိလွန်းတဲ့ မေလကတော့ပရိသတ်တွေရဲ့အသည်းကျော်လေးပါပဲ​နော်။

ဒီနေ့မှာတော့ “အလုပ်တွေ လုပ်ရင်း ရွှေFM ဆုလဲရ ပျော်လိုက်တာ😘(ကျောင်းပိတ်ရက် MTV သီချင်းလေးနဲ့”ဆိုတဲ့စာလေးနဲ့အတူBest Music Video Award ဆုရရှိခဲ့တဲ့ပုံ ရိပ်လေးတွေကို တင်လာခဲ့တာပါ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပရိသတ်တွေကလည်း ဝမ်းသာစွာ ဂုဏ်ပြုမှတ် ချက်လေးတွေပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: May Melody မေလသံစဉ်
Credit – MyanmarCele -Cafe