


Credit:Swelsone News
Cele Secrets

တေးသံရှင် မေသက်ထားဆွေ ကတော့ ငယ်ငယ်လေး ကတည်းက အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေး မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ မြန်မာသံစဉ်တေးသီချင်း တွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ မေသက်ထားဆွေ က ဂီတနဲ့ပတ်သက်ရင် တကယ့်ကို အရည်အချင်းပြည့်ဝသူလေး လည်း ဖြစ်ပါတယ် ။ ဒါ့အပြင် မေသက်ထားဆွေက အသက် ငယ်ငယ်လေးနဲ့ ဂီတလောကမှာ အောင်မြင်နေတဲ့ ငွေကြယ်ပွင့်လေး လို့တောင် ဆိုနိုင်တာ ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ မေသက်ထားဆွေ ဟာ Shwe FM (11)နှစ်ပြည့် ဆုပေးပွဲကြီးမှာ ရွှေပရိသတ် အတောင်းခံရဆုံး မြန်မာသံတေး သံရှင်ဆု ကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မေသက်ထားဆွေက “Shwe FM Radio မှ “ရွှေပရိသတ်အတောင်းခံရဆုံး မြန်မာသံတေးသံရှင်ဆု “ကို “အနားနားမှာ” သီချင်းလေးနဲ့ ရရှိတဲ့အတွက် အရမ်းဝမ်းသာပျော်ရွှင်ရပါတယ်ရှင်❤️။✨အနားနားမှာ သီချင်းလေးကို ပုံဖော်ပေးတဲ့ Producer ဘဘဦးသိန်းကျော်၊မြင့်မိုရ်မေမေစာပေမှဦးမျိုးနဲ့အန်တီဆွေ၊ဖြန့်ချိပေးတဲ့ Legacy Music မိသားစု
✨သီချင်းလေးကို ရေးစပ်ပေးတဲ့ကိုကြီးသဟာအောင်၊တီးခတ်ပုံဖော်ပေးတဲ့ဦးပက်ထရစ်နဲ့ တီးဝိုင်းအဖွဲ့သားများ၊အသံဖမ်းပေးတဲ့ ဦးနေဝင်း(Studio D)၊ KBစိုးမိုး(မန္တလေး)၊
✨အကောင်းဆုံးရိုက်ကူးပေးတဲ့ဒါရိုက်တာ မန္တလေးသားသူရ၊သရုပ်ဆောင် ကိုရဲဇာနည်အောင်
✨အနားနားမှာ သီချင်းလေးကို တောင်းဆိုပေးကြတဲ့အနယ်နယ်အရပ်ရပ်မှ ပရိသတ်ကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်😘😘
✨ဆုချီးမြင့်ပေးပါသော Shwe FM မိသားစုနှင့်ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်😘❤️” ဆိုပြီး ဆုရရှိလို့ ဝမ်းသာကျေးဇူးတင်ကြောင်းလေးပြောထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီး အတွက် မေသက်ထားဆွေ ရဲ့ ဆုရတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေး လိုက်ပါ တယ်နော်။ ပရိသတ်ကြီးကလဲ မေသက်ထားဆွေ အတွက် ဂုဏ်ပြု စကားလေးပြောပေး ခဲ့ကြပါဦးနော်။

Credit:Swelsone News
Cele Secrets