



တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ စူပါမော်ဒယ် အောန်ဆိုင်းကတော့ မော်ဒယ်လောကမှာ ပြိုင်ဖက်မရှိ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချောမောပြေပြစ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသလို ခန္ဓာကိုယ်အချိုးအစားလေးကလည်း ပြောမစရာမလိုအောင် လှပတဲ့ အောန်ဆိုင်းက လိုချင်သူတွေများစွာရှိတဲ့ အချောအလှလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းမှာ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အောန်ဆိုင်းက အခုဆိုရင် သူမရဲ့ချစ်သူ ကိုဖုန်းကျော်မျိုးမြင့်နဲ့ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အောန်ဆိုင်းကတော့ သူမဘဝရဲ့ တစ်သက်မှာတစ်ခါသာရှိတဲ့ မင်္ဂလာနေ့မှာ သူမရဲ့ တိုင်းရင်းသားလူမျိုးဝတ်စုံဖြစ်တဲ့ ကချင်၊ ခခူးဝတ်စုံလေးကို တန်ဖိုးထားမြတ်နိုးစွာဝတ်ဆင်ခဲ့ပြီး St.Augustine Catholic Church မှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အောန်ဆိုင်းက သူမတို့ ချစ်သူနှစ်ယောက်ရဲ့ ဘုရားကျောင်းရှေ့က ပုံရိပ်တွေကိုချပြခဲ့ပြီး ပရိသတ်တွေကလည်း အောန်ဆိုင်းအတွက် ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။

အောန်ဆိုင်းကတော့ သူမဘဝအတွက် အချစ်တွေအပြင် အကြင်နာမေတ္တာ၊ ဂရုစိုက်မှုတွေကို အပြည့်အဝပေးတဲ့ ချစ်သူကောင်းတစ်ယောက်နဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းတို့ ချစ်သူနှစ်ယောက် ဘုရားသခင်ကောင်းချီးပေးပြီး ပျော်ရွှင်တဲ့ဘဝလေးကို အတူတကွ တည်ဆောက်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Awn Seng – Elizabeth’s fb
Credit – Cele Connections