


Source: Nay Chi Oo’s fb

မန်​မာနိုင်​ငံရဲ့ ထိပ်​တန်​း Blogger ​တွေထဲကမှ တစ်​ဦးအပါအဝင်​ဖြစ်​တဲ့ Beauty Blogger ​နေခြည်​ဦးဆိုရင် တစ်နိုင်ငံလုံး​ မသိတဲ့လူမရှိ​လောက်​ပါဘူး။ နေခြည်ဦးက Beauty Blogger အလုပ်​ကိုစတင်​လုပ်​ကိုင်​ခဲ့တာ လေးနှစ်နီးပါးခန်​့သာရှိ​သေး​ပေမယ်​့ သူမရဲ့​အောင်​မြင်​မှုအရှိန်​အဝါက မ​သေးလှပါဘူး။ နိုင်ငံကျော် ဆယ်လီဘရစ်တီ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ နေခြည်ဦးကတော့ Social Influencer တစ်ယောက်အပြင် မင်းသမီးတစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။

Social Influencer တစ်ယောက်ပီပီ သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုပုံရိပ်တွေကို ပရိသတ်တွေဆီချပြလေ့ရှိတဲ့ နေခြည်ဦးက ဒီတစ်ခါမှာလည်း သူမရဲ့ ဓာတ်ပုံတစ်ပုံကြောင့် ကိုရီးယားဒရမ်မာကြည့်သူတွေကြားမှာ ဂယက်ထစေခဲ့တာကို တွေ့ရပါတယ်။ အကြောင်းကတော့ နေခြည်ဦးဝတ်ဆင်ထားတဲ့ လက်စွပ်က The Penthouse ဆိုတဲ့ ကိုရီးယားဇာတ်ကားမှာ လူသတ်တရားခံဝတ်ဆင်တဲ့လက်စွပ်နဲ့ တော်တော်ကြီးတူနေတာကြောင့် ပရိသတ်တွေက တရားခံက နေခြည်ဦးပါဆိုပြီး စနောက်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးကလည်း သူမရဲ့ ဓာတ်ပုံကြောင့် ကိုရီးယားဒရမ်မာချစ်သူတွေကြားမှာ ဂယက်ထစေခဲ့တဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပြန်လည်ပြောပြလာပါတယ်။ The Penthouse ဇာတ်ကားကိုကြည့်သူတွေရော နေခြည့်ရဲ့ လက်စွပ်နဲ့ မင်ဆောအာကိုသတ်တဲ့ တရားခံရဲ့ လက်စွပ်က တော်တော်မှတူရဲ့လားပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Credit – Cele Connections