




ယူနီကုတ်ဖြင့်ဖတ်ရန်…

အဆိုတော်မလေး ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” ဆိုတဲ့ သီချင်းအခွေလေးကနေ အခုလို နာမည်ကြီးလူသိများလာတဲ့အချိန်အထိ မရပ်မနား ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ ဂီတလောကမှာ အောင်မြင်မှုတွေရရှိနေပြီဖြစ်တဲ့ ပိုပိုက တေးသီချင်းကောင်းတွေ အများအပြား ထွက်ရှိနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။

ပိုပိုက အားလုံးအကြိုက်နဲ့ ထပ်တူကျစေနိုင်မယ့် သီချင်းတွေကိုဖန်တီးခဲ့သလို ဂီတအမျိုးအစားအစုံအလင်ကိုပါ သီဆိုပြီး ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာလည်း ပိုပိုက ဆန်းသစ်တဲ့ဖန်တီးမှုတွေအတွက် အမြဲတမ်းကြိုးစားနေပြီး သီချင်းထဲမှာပဲ စိတ်ရောကိုယ်ပါနှစ်ကာ အားစိုက်နေတာ ဖြစ်ပါတယ် ။ သီချင်းဆိုကောင်းတဲ့ ပိုပိုက ရုပ်ရည်ရူပါကလည်း ချောမောလှပပြီး ခန္ဓာကိုယ်အချိုးအစားကပါ ပြေပြစ်သွယ်လျနေတာ ဖြစ်ပါတယ် ။

ဒါ့အပြင် ပိုပိုက ပျော်ပျော်နေတတ်ပြီး Tik Tok ကစားရတာကိုလည်း ဝါသနာပါတာကြောင့် မကြာခဏဆိုသလို ဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးတတ်တာ ဖြစ်ပါတယ် ။

အခုလည်း ပိုပိုက သီချင်းသံအတိုင်း မြူးမြူးကြွကြွလေးလှုပ်ရှားပြီး ချစ်စဖွယ်အမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းလောက်အောင် အပီအပြင်ကပြလိုက်တာ ဖြစ်ပါတယ် ။ ပိုပိုက သူမကိုမျက်တောင်မခတ်တမ်း ထိုင်ကြည့်နေတဲ့ကောင်လေးရဲ့အရှေ့မှာ ကပြနေတာဖြစ်ပြီး ရုတ်တရက်ဆိုသလို မျက်နှာနားကပ်ကာ ချွဲပြလိုက်တာလည်း ဖြစ်ပါတယ် ။